ကြို့ပင်ကောက်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှုများ စတင်ဆောင်ရွက်

ကြို့ပင်ကောက် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင်၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များသည် မြို့နယ်အတွင်း ကွင်းဆင်းကောင်ယူနေမှုများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ခဲ့ကြသည်။

ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်အလက် (၆၈) ချက်တို့ကို မေးမြန်းကောက်ယူသွားမည်ဖြစ်ပြီး စာရင်းကောက်နေမှုများကို မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်အားပေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၁၀) ခု ကျေးရွာအုပ်စု  (၄၉) အုပ်စုတွင် စာရင်းစစ် စာရင်းကောက်အဖွဲ့ ၂၄ ဖွဲ့အားဌာနဆိုင်ရာ အကြီးအကဲများ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများမှ ပူးပါင်းကာ အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ ရပ်ကွက် ကျေးရွာများတွင် CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)