ပဲခူး အောက်တိုဘာ ၂
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်မှစ၍ ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ ကဝမြို့နယ်၊ ဝေါမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းစာရင်းစစ်၊ စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပဲခူးခရိုင်အတွင်း ကောက်ကွက်ပေါင်း (၁၉၀၀) အား စာရင်းစစ်စာရင်းကောက် ဆရာ/ဆရာမ (၇၂၈) ဦးဖြင့် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးခရိုင်ရုံးမှ သိရသည်။
ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းရာစာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်အတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများအချက်အလက် (၆၈) ချက်ကို မေးမြန်းကာ CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်