ကျိုက်လတ် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ နေ့လယ်ပိုင်းက ဘိုးဘွားများအား ထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့် အသက်(၁၀၅)နှစ်အရွယ်အဘိုး ဦးကြွက်နီအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်း၊ ဓမ္မဝိဟာရဘိုးဘွားရိပ်သာအား ထောက်ပံ့ငွေကျပ် (၅)သိန်း၊ ရိပ်သာရှိ ဘိုးဘွား(၂၅)ဦးအတွက် တစ်ဦးလျှင်(၂)သောင်းကျပ်နှုန်းဖြင့် (၅၀၀၀၀၀)ကျပ်တို့အား ထောက်ပံ့ခြင်းဖြစ်ပြီး ဘိုးဘွားများ၏ လက်ဝယ်အရောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှလည်း အာဟာရစားသောက်ဖွယ်ရာများ၊ ဆေးဝါးများအား ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်