ဗိုလ်တထောင်ခရိုင်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း‌ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

ဗိုလ်တထောင်   အောက်တိုဘာ   ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်ဖြစ်သော ဗိုလ်တထောင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သာကေတမြို့နယ်နှင့် ဒေါပုံမြို့နယ်တို့တွင် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်များသည် မိမိတို့မြို့နယ်အတွင်းရှိရပ်ကွက်များ၊ ဟိုတယ်များ၊ အလုပ်ရုံများနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းကောက်ယူမှုများကို  ယမန်နေ့နံနက်(၇)နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ကွင်းဆင်းကောက်ယူရာသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်၊ ခရိုင်သန်းခေါင်စာရင်းအတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်မိုးမိုးအေး၊ (၅)မြို့နယ်အတွင်းရှိ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှမြို့နယ်ဦးစီးမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁)နှင့် အဖွဲ့ဝင်(၂)များ၊ မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့များလိုက်ပါ၍ မြို့နယ် (၅) မြို့နယ်အတွင်း  ၂၀၂၄  ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့​​ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့​ကြောင်း သတင်းရရှိပါသည်။

၂၀၂၄  ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နံနက်(၇)နာရီမှ ညနေ(၆)နာရီအတွင်း မြို့ပေါ်ရပ်ကွက်နေအိမ်များသို့ လိုက်လံကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ဝင်း(ပြန်/ဆက်)