တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်

တိုက်ကြီး အောက်တိုဘာ ၂

ရန်ကုန်တိုင်း‌ဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် ၇ နာရီကစတင်၍ သက်ဆိုင်ရာ စာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု အခြေအနေများကို ခရိုင်သန်းခေါင်စာရင်း ကော်မတီဉက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသူအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့် ကော်မတီဝင်များက လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်း ကောက်ကွက်ပေါင်း (၇၀၈)ကွက်ရှိပြီး အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ၁၅ ရက်ကြာ စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း နေအိမ်သို့ လာရောက်ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)