ဟားခါးမြို့၌ ကျင်းပပြုလုပ်သည့် ၆၀ နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် တက်ရောက်

ဟားခါး အောက်တိုဘာ ၂

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်သည့် ၆၀ နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးဝင်းအတွင်းရှိ ရဲဇာနည်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင် ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ကိုယ်စား ပြည်နယ်တရားသူကြီး ဦးမြင့်ဟန်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် မိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က မြန်မာ့ရဲသီချင်းသီဆိုကြပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်က ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဖဆပလအုပ်ချုပ်ရေးခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ တော်လှန်ရေးကောင်စီအစိုးရခေတ် စသည့်ခေတ်အမျိုးမျိုး၊ စနစ်အမျိုးမျိုး၏အောက်မှာ ရဲတပ်ဖွဲ့ဟာလည်း အမည်အမျိုးမျိုးဖြင့် ပြည်တွင်းလုံခြုံရေးနှင့် တရားဥဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း ၊ ၁၉၆၄ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့သည့်နေ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၉၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ မှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း၊ တပ်ဖွဲ့ဝင်တစ်ဦးချင်း အနေဖြင့် အဖွဲ့အစည်းကောင်းတစ်ဦး၏ အနှစ်သာရဖြစ်သည့် စိတ်ဓာတ်ကောင်းမွန်ရန်၊ စည်းကမ်းပြည့်ဝရန်နှင့် တာဝန်ကျေပွန်ရန် စသည်တို့ကို စဉ်ဆက်မပြတ်ဆက်လက်လေ့ကျင့်နေကြရမည် ဖြစ်သကဲ့သို့ လူ့အဖွဲ့အစည်းတစ်ရပ်လုံးကို ဥပဒေနှင့်အညီ လုံခြုံအောင် ရိုးသားကြိုးစားမှုနှင့် ကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး အကာအကွယ်ပေးစောင့်ရှောက်သွားရန် လိုအပ်ပါကြောင်းနှင့် ခံယူချက်၊ ယုံကြည်ချက်နှင့် လုပ်ငန်းစွမ်းရည် မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် ဆည်းပူးလေ့လာကြိုးစားနေရန်လိုကြောင်း ၊ တပ်ဖွဲ့၏ကောင်းမွန်သည့် လုပ်ငန်းသမ္ပဇဉ်များ၊ ကိုယ်စီတာဝန်များ ၊ ကျင့်ဝတ်များနှင့်အညီ နေထိုင်လုပ်ကိုင်ကာ နိုင်တော်နှင့် မိမိတပ်ဖွဲ့အတွက်ပေအပ်သော တာဝန်ဝတ္တရားများကို ကျရာကဏ္ဍမှ ဦးလည်မသုန် ထမ်းဆောင်ပြီး ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ချင်းပြည်နယ်ရဲတပ်ဖွဲ့အနေနှင့် လတ်တလောကြုံတွေ့နေရသည့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့အစည်းအများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား နှောင့်ယှက်နေခြင်း၊ အုပ်ချုပ်ရေးယန္တရားနှောင့်နှေးရပ်တန့်အောင် ကြိုးပမ်းလုပ်ဆောင်နေမှုများအား တပ်မတော်နှင့် ပိုမိုနီးကပ်စွာလက်တွဲပြီး တာဝန်ကျေပွန်စွာ ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်များအား ပြည်နယ်အစိုးရမှ ထောက်ပံ့ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ၊ သို့ဖြစ်ရာ စည်းလုံးညီညွှတ်စွာဖြင့် ရည်မှန်းချက်တာဝန် ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး အားပေးတိုက်တွန်းပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ထံမှပေးပို့သော နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကို ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိုးလွင်မိုးက ဖတ်ကြားသည်။  

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေ (၄၅)သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်ကလည်းကောင်း၊ ချင်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးဝင်းမိသားစုများမှ စိုက်ပျိုးရေးအကောင်းဆုံးဆုရသူအား ပြည်နယ်တရား လွှတ်တရာသူကြီးချုပ်ကိုယ်စား ပြည်နယ်တရားသူကြီး ဦးမြင့်ဟန်ကလည်းကောင်း ၊ စိုက်ပျိုးရေး အကောင်းဆုံးဆုရသူအား ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက လည်းကောင်း ၊ နေအိမ်လိုင်းခန်း အကောင်းဆုံးဆုရရှိသူအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း ၊ ရဲတပ်ဖွဲ့မိသားစုဝင်များအနက် ဟားခါးနယ်မြေအတွင်း (၁၀) နှစ်နှင့်အထက် အနေကြာတပ်ဖွဲ့ဝင် (၇) ဦးအား ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး စိုးလွင်မိုးကလည်းကောင်း ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် (၆၀) နှစ်ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် Video Clip ဖွင့်လှစ် ကြည့်ရှုကြပြီး အခမ်းအနားရုတ်သိမ်းကြောင်း သိရသည်။

ကိုဆလိုင်း