ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး မျက်ပါးရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါခေါ်ယူပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် ရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားကို ရွှေစည်းခုံဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။