ကျောက်ပန်းတောင်းမြို့နယ်တွင် (၆၀)ကြိမ်မြောက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အကြိမ်(၆၀)မြောက် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့၌ စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ပညာဂုဏ်ရောင်ဓမ္မာရုံတွင်ပြုလုပ်ရာ အသက်(၇၀)နှစ်နှင့်အထက် သက်ပြည့်အငြိမ်းစားဆရာကြီး/ ဆရာမကြီးများ တက်ရောက်ကန်တော့ခံခဲ့ကြကြောင်း သိရသည်။

ပြည်မြို့နယ်တောင်လုံးညိုကျေးရွာအတွက် ကျေးလက်စီးပွားမြင့်မားရေး ထူထောင်ခြင်းလုပ်ငန်း (RBF)ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် မှော်ဇာကျေးရွာအုပ်စု၊ တောင်လုံးညိုကျေးရွာအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ထူထောင်ခြင်းလုပ်ငန်း (RBF) စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်လုံးညိုကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နောင်တာလောရေလယ်ကျွန်း သဲသောင်ပေါ်တွင် မြေပဲ၊ ကြက်သွန်နီနှင့် ပန်းနှမ်းများ စိုက်ပျိုးနိုင်ရေး၊ မြစ်ရေကြီးမြင့်မှုမှ ကြိုတင်ကာကွယ်ရေး မြစ်တွင်းသဲသောင်တူးခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက နောင်တာလောရေလယ်ကျွန်း သဲသောင်ပေါ်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

လွိုင်လင်-ပန်ကေတု-သီပေါလမ်းပိုင်းတွင် ယာဉ်များသွားလာနိုင်ပြီဖြစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ပျက်စီးသွားခဲ့သော လွိုင်လင်-ပန်ကေတု-သီပေါလမ်း မိုင်(၉၀/၄-၉၀/၅)ကြား တံတား အမှတ် ၃/၉၁ အရှည် ၃၆၀ ပေရှိ ဆားတောတံတားချည်းကပ်လမ်းမှာ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ယာဉ်များစတင်သွားလာနိုင်ပြီဖြစ်ပါသည်။

ချင်းပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လုပ်ငန်းဆပ်ကော်မတီများ၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ချင်းပြည်နယ်နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ချင်းပြည်နယ်ဒေသဆိုင်ရာလုပ်ငန်းကော်မတီများ၏ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် လျာထားလုပ်ငန်းများ ပြုစုတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွှဲ ၂ နာရီက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

မင်းလှမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကျောက်ဖြူမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှု လှည့်လည်ကြည့်ရှု၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၃ ရက်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုလှည့်လည်ကြည့်ရှုပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မူးယစ်ဆေးဖြတ်ပြီးသူများအနေဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူရန် များစွာလိုအပ်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးသူများအနေဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုခံယူရန် များစွာလိုအပ်ကြောင်း ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ်သင်တန်းဆင်း သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (၉/၂၀၂၄) အခမ်းအနားမှ သိရသည်။

တာလေမြို့တွင် မိုးစပါးထွက်နှုန်းတိကျမှန်ကန်ရေး ကွင်းဆင်း၍ စံကွက်ရိတ်သိမ်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးထွက်နှုန်းတိကျမှန်ကန်ရေးကွင်းဆင်း၍ စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to