ဘိုကလေးမြို့နယ်တွင် စတုတ္ထအကြိမ်မြောက် ဥပ္ပါတသန္တိကျမ်းမြတ် တတိယနေ့ ဆက်လက်ရွတ်ဖတ်ပူဇော်
မြို့နယ်အတွင်း ဘေးဥပါဒ်အန္တရာယ်များ ကျရောက်မှုမရှိစေရေးကိုရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီး၌ ဇန်နဝါရီလ (၁၆)ရက်နေ့မှစတင်ကာ စတုတ္ထအကြိမ်မြောက် ဥပ္ပါတသန္တိကျမ်းမြတ် စတင်ရွတ်ဖတ်ပူဇော်ခဲ့ပြီး ယနေ့ တတိယနေ့အဖြစ် ကျမ်းမြတ်တော်အား ဆက်လက်ရွတ်ဖတ်ပူဇော်လျက်ရှိသည်။