ထန်းတပင်(ပဲခူး) အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံမှအထူးကုသမားတော် ဒေါက်တာ ခင်သူဇာဇော်နှင့်အဖွဲ့သည် ယနေ့ နံနက် ၉ နာရီအချိန်က သူကောင်းဖြစ် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ရေဘေးသင့်ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ နယ်လှည့်ကွင်းဆင်းကုသပေးရာတွင် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ ဦးဆောင်၍ ပဲခူးမြို့ပြည်သူ့ဆေးရုံမှ အထူးကုသမားတော် ဒေါက်တာ ခင်သူဇာဇော်နှင့်အဖွဲ့၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်သူအောင်နှင့်ဝန်ထမ်းများ ပူးပေါင်းကာ အထွေထွေရောဂါဝေဒနာရှင်(၁၀၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး ရေသန့်ဘူးများဝေငှပေးခဲ့ကြကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)