ညောင်ဦးမြို့နယ်၌ မိုးစပါး ၇၈၅ ဧကစိုက်ပျိုးပြီးဖြစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင် ၅ ခုမှ မိုးစပါး လျှပ်စစ်မြစ်ရေတင်ရေဖြင့် ၇၈၅ ဧက စိုက်ပျိုးလျက်ရှိရာ ရာခိုင်နှုန်းပြည့်စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။

တွံတေးခရိုင် သန်း‌ခေါင်စာရင်းကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ တွံတေးမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့များက ဇီးဖြူကုန်း၊ သဝန်းတော၊ ဘုရားကြီး၊ ကျိုက်သလဲ ကျေးရွာအုပ်စုများသို့ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ဆရာများနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် အနန္တောအနန္တဂိုဏ်းဝင် ကျေးဇူးရှင်မြတ်ဆရာများအပေါ် အစဉ်လေးစားတန်ဖိုးထားလာစေရန်နှင့် ဆရာတို့၏ဂုဏ်ကျေးဇူးကို အောက်‌မေ့သတိရစေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၆၀)နှစ်အထက်အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးတို့အား ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အနေဖြင့် မြို့နယ်ပညာရေးဝန်ထမ်းများစုပေါင်း၍  မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီတွင် အခြေခံပညာမူလတန်းကျောင်း (လယ်ပေါ်) ၌ ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူနေမှုအားကြည့်ရှုအားပေး

နိုင်ငံ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး​ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ(၁)ရက်နေ့မှစတင်၍ တစ်နိုင်ငံလုံး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့်အဖွဲ့၀င်များ၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်စိုးနှင့် ၀န်ထမ်းများက အောက်တိုဘာ(၅)ရက် နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု၊ ဘူတာစျေးတန်းကောက်ကွက်သို့ စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်မြို့နယ်အဆင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ "World Teachers Day" အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(ရွှေတောင်)  ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူခြင်းကို အောက်တိုဘာ ၆ ရက်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက  ဆက်လက်ကောက်ယူလျက်ရှိသည်။

ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာ ထင်ကျန်နေသည့် စကုမြို့

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့သည် မင်းဘူးမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး ရှေးဟောင်းရုပ်စုံကျောင်းအပါအဝင် တန်ခိုးကြီးစေတီ ပုထိုးများနှင့် သာသနိက အဆောက်အအုံအများအပြား တည်ရှိနေသည့် မြို့တစ်မြို့ဖြစ်သည်။
Subscribe to