တိုက်ကြီး အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ၅ ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းကို ယနေ့ နံနက် ၇ နာရီကစတင်၍ သက်ဆိုင်ရာစာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ် ဆောင်ရွက်သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ၂၀၂၄ ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးဒေါ်အေးအေး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့်တာဝန်ရှိသူများက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ရပ်ကွက်(၂၀)၊ ကျေးရွာအုပ်စု(၇၅)အုပ်စုရှိပြီး ကောက်ကွက်(၇၀၈)ကွက်တွင် ကောက်ကွက်(၂၁၂)ကွက်အားအောက်တိုဘာလ ၄ ရက်အထိ စာရင်းစစ်/စာရင်းကောက်(၂၉၂)ဦး၊အဖွဲ့(၅၄)ဖွဲ့က ကောက်ယူပြီးဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ၁၅ ရက်ကြာ စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း ပြည်သူများ၏နေအိမ်များဆီသို့ အိမ်တိုင်ရာရောက် ကောက်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ဆက်)