လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီး  သိရှိလိုက်နာကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့မွန်းလွဲ  ၂  နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူ၌ ရေပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ရေများပြန်လည်ကျဆင်းသွားသည့်နေရာများ၌ လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများအား ဆောင်ရွက်‌‌ပေးလျက်ရှိရာ၊‌ တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၏ စက်ရုံဟောင်းမြေနေရာ၌ တည်ရှိသောရိပ်သာအား လိုအပ်သည့်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်‌ခဲ့သည်။

ရန်ကုန်မြို့မှ မရှိခဏဆရာတော်ကြီးမှ ကလောမြို့ရေဘေးသင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့လမ်းဦးစီးဌာနရိပ်သာ၌ အောက်တိုဘာလ ၄ ရက်နေ့နံနက် ၉ နာရီက ရန်ကုန်မြို့မရှိခဏဆရာတော်ကြီးမှ ကလောမြို့ ရေဘေးသင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။

ကျောက်တန်းမြို့နယ် ကြံပင်စံပြကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကြံပင်စံပြကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ၄.၁၀.၂၀၂၄ ရက်နေ့ နံ့နက်ပိုင်းက ကျောက်တန်းမြို့နယ် ကြံပင်စံပြကျေးရွာခန်းမတွင် တွေ့ဆုံခဲ့သည်။

ငဖဲမြို့နယ်တွင် သက်ကြီးအဘွား(၅)ဦးအား အလှူငွေများထောက်ပံ့လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် အသက်အကြီးဆုံးအဘွား (၅)ဦးအား အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိလ်များနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများက ထောက်ပံ့လှူဒါန်းသည့် အလှူငွေများကို မြို့နယ်အတွင်းရှိကျေးရွာများအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြဝတီမြို့၌ သောင်ရင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်စေရေး  ကြိုတင်အသိပေးနှိုးဆော်

ကရင်ပြည်နယ်၊ မြဝတီခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊  ခရိုင်မီးသတ်ဦးစီးဌာနနှင့်  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  ယနေ့နံနက် ၁၀ နာရီက မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် အမှတ်(၁)၊ (၂)နှင့် (၅)ရပ်ကွက်တို့၌ သောင်ရင်းမြစ်ရေဝင်ရောက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ မဖြစ်ပေါ်စေရေးအတွက် ကြိုတင်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သည်။

ရပ်စောက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲမြို့နယ် မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ

ဆိပ်ဖြူမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ ဆိပ်ဖြူ အောက်တိုဘာ ၄ မြို့နယ်(ပြန်/ဆက်)

ကျုံပျော်မြို့နယ် Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

ကျုံပျော်မြို့နယ် Community Centre ခန်းမတွင် ကမ္ဘာ့ဆရာများနေ့အကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက် ကျုံပျော် အောက်တိုဘာ ၄ လပြည့်ဦး(ပြန်/ဆက်)

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအကြောင်း အသိပညာပေး Talk Show ကျင်းပ

ဟိုပုံးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းအကြောင်း အသိပညာပေး Talk Show ကျင်းပ ဟိုပုံး အောက်တိုဘာ ၄ ပအိုဝ်းဒေသ (ပြန်/ဆက်)
Subscribe to