ရပ်စောက်၌ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးပြုလုပ်

ရပ်စောက် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိဘဆရာအသင်းနာယကကြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးမှူး ဦးရန်မျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ကြွယ်သိန်းက ကလေးများဖွံ့ဖြိုးမှုနှင့် ကျောင်း၏ရှေ့လုပ်ငန်းစဉ်များအားရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် မူလတန်းကြိုကျောင်းမှ ဆရာမဒေါ်ကေခိုင်စိုးက အမှုဆောင်ဟောင်းများနှုတ်ထွက်၍ အမှုဆောင်သစ်များရွေးချယ်တင်မြောက်ထားမှုကို အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူများလေးများက ကဗျာရွတ်ဖတ်ခြင်း၊ သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာဆိုင်ရာများ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်