မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ပုသိမ်ကြီးမြို့နယ်သို့ ကွင်းဆင်းကြည့်ရှုအားပေး
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ နှမ်းကြဲကျေးရွာအုပ်စုနှင့် ရန်ကင်းတောင်ကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲ ၁နာရီက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးစိုးလွင် နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။