ပုံပါကျင်မြို့၊ အထက (ပုံပါကျင်) ကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။