စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် ရေကြီးနစ်မြုပ်မှုကြောင့်ထိခိုက်ခဲ့သည့် မိုးသီးနှံများအား ပြန်လည်ကုစားရန် တောင်သူများနှင့် တွေ့ဆုံ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သည့် မိုးသီးနှံများအား ပြန်လည်ကုစားရန် တောင်သူများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု၊ ရွာလယ်ဓမ္မာရုံတွင်ကျင်းပရာ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် တက်ရောက်ခဲ့သည်။