ရွှေဘို အောက်တိုဘာ ၅
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် အောက်တိုဘာ (၅) ရက်နေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ၌ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
သန်းခေါင်စာရင်းယူရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာများ တိကျမှန်ကန်မှုရှိစေရန်အတွက် စာရင်းစစ်၊ စာရင်းကောက်များက CAPI နည်းပညာဖြင့် မိုလ်ဘိုင်း Tablet အသုံးပြုပြီး တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူနေမှုများကို အခက်အခဲမရှိအဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့်အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ၊ တာဝန်ရှိသူများက အနီးကြပ်ကြီးကြပ်ပြီးလိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို မြို့ပေါ်ရပ်ကွက်၊ စာရင်းကောက်ကွက် (၁၆) ကွက်အား စာရင်းစစ်၊ စာရင်းကောက် (၆၁) ဦး ဖြင့် အောက်တိုဘာ (၁) ရက်မှ (၁၅) နေ့ထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်