ကွန်ဟိန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကွင်းဆင်းကောက်ယူ

ကွန်ဟိန်း အောက်တိုဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တိကျမှန်ကန်စွာစာရင်းကောက်ယူနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာတို့တွင် ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ကွင်းဆင်းကောက်ယူရာတွင် သန်းခေါင်စာရင်းကောက်အဖွဲ့များက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများတိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် မြို့နယ်အတွင်းနေထိုင်သောသူများ၏ လူဦးရေဆိုင်ရာအချက်အလက်များအား ပြည်သူများထံသွားရောက်ပြီး Tablet ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews - CAPI ) နည်းပညာဖြင့် မေးခွန်း(၆၈)ခုပါဝင်သော အိမ်ထောင်စုမေးခွန်းပုံစံနှင့် မေးခွန်း(၁၈)ခု ပါဝင်သော အဖွဲ့အစည်းမေးခွန်းပုံစံများအသုံးပြု၍ မေးမြန်းကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူနေမှုများကို မြို့နယ်သန်းခေါင်စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့်ကော်မတီအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်သူဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ အချက်အလက်စာရင်းများ မှန်ကန်စွာကောက်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ရပ်ကွက်(၁၁)ခုနှင့် ကျေးရွာအုပ်စု(၁၄)အုပ်စုရှိ စာရင်းကောက်ကွက်ပေါင်း(၁၂၀)တို့တွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)