မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

မြဝတီ အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှစတင်၍ စာရင်းများကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မြဝတီခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးကျော်ကျော်သန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့က ခရိုင်နှင့်မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဝင်များ၊ စာရင်းစစ်၊ စာရင်းကောက်ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့၏ ရပ်ကွက်/ကျေးရွာအလိုက် အဖွဲ့များခွဲပြီး တစ်အိမ်တက်ဆင်း စနစ်ဖြင့် Mobile Tablet အသုံးပြု၍ မေးခွန်းများ မေးမြန်းဆောင်ရွက်နေမှုကို နေ့စဉ်လိုက်လံကြည့်ရှု အားပေးသည်။

မြဝတီမြို့နယ်အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် အောက်တိုဘာ ၅ ရက်နေ့ထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း ၅၀ ခု၊ အိမ်ထောင်စု ၁၁၁၄၆ စုမှ လူဦးရေ ၄၃၈၄၈ ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့်ကောက်ကွက်များအလိုက် စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(မြဝတီ)