ပုဇွန်တောင်မြို့‌နယ်၌ အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေး

ပုဇွန်တောင် အောက်တိုဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အမှတ်(၃)၊ အမှတ်(၄)နှင့် အမှတ်(၅)ရပ်ကွက်များ၌ စာရင်းစစ်/ စာရင်းကောက်အဖွဲ့များ၏ အိမ်တိုင်ရာရောက်သန်းခေါင်စာရင်းကောက်ယူနေမှုအား မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီမှ တာဝန်ရှိသူများအဖွဲ့က လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် ရပ်ကွက်နေပြည်သူများအား အိမ်ထောင်စု၊ လူဦးရေနှင့်အိမ်အကြောင်းအရာဆိုင်ရာ မေးခွန်းပေါင်း(၆၈)ချက်ကို မေးမြန်း၍ ရရှိလာသည့် မှန်ကန်သော အချက်အလက်များကို ခေတ်မီနည်းပညာဖြင့် Mobile Tablet တွင် စနစ်တကျ စာရင်းမှတ်တမ်း ရေးသွင်းကောက်ယူဆောင်ရွက်ခြင်းဖြစ်ပြီး ထိုသို့သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက် တာဝန်ခံလဝကမှူးများနှင့် စာရင်းစစ်/ စာရင်းကောက်အဖွဲ့များဖြင့် တစ်အိမ်တက်ဆင်းစာရင်း‌ ကောက်ယူဆောင်ရွက်မည်ဖြစ်သည်။

ပုဇွန်တောင်မြို့နယ်တွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်တွင် () အုပ်စုနှင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့နံနက်ပိုင်းကစ၍ သက်ဆိုင်ရာ ရပ်ကွက်အလိုက် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်နှင့်တိုက်နယ်တာဝန်ခံလဝကမှူးများ၊ မြို့နယ်အဆင့် သန်းခေါင်စာရင်းကောက်ယူရေး သင်တန်းတက်ရောက်ခဲ့ပြီးသော စာရင်းစစ်/စာရင်းကောက် (၅)ဦးတို့ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်း‌ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သန်းခေါင်စာရင်းကော်မတီထံမှ သိရသည်။

ဟန်စုယဉ်