မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ပုသိမ်ကြီးမြို့နယ်သို့ ကွင်းဆင်းကြည့်ရှုအားပေး

ပုသိမ်ကြီး အောက်တိုဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ နှမ်းကြဲကျေးရွာအုပ်စုနှင့် ရန်ကင်းတောင်ကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲ ၁နာရီက ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူနေမှုအခြေအနေများကို မန္တလေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးစိုးလွင် နှင့် မြို့နယ်သန်းခေါင်စာရင်း ကော်မတီဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် သန်းခေါင်စာရင်း ကောက်ယူရန် မြို့ပေါ်ရပ်ကွက်ကြီးတစ်ခု ကျေးရွာအုပ်စု (၅၇)စု၊ ကျေးရွာ (၁၃၇) ရွာအား စာရင်းကောက်အဖွဲ့ ၄၅ ဖွဲ့ ဖြင့် စာရင်းကောက်ကွက်ပေါင်း ၅၅၉ ကွက်ကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သန်းခေါင်စာရင်း ကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်သန်းခေါင် စာရင်း ကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)