လဲချားမြို့နယ် အ.လ.က (၁) ကျောင်းတွင် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

လဲချား အောက်တိုဘာ  ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အ.လ.က (၁) ကျောင်းတွင် ယနေ့နံ​နက် ၁၀ နာရီအချိန်က နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေး‌ကကျောင်းသား၊​ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေစေရန်အတွက် ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့်ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း​ ပြောကြားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသူ၊ကျောင်းသူ (၁၆၆) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)