နတ်မောက်မြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ကွက် (၉၃)ကွက် ကောက်ယူပြီးစီး

နတ်မောက် အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ကွက် (၉၃)ကွက် ကောက်ယူပြီးစီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကောက်မတီဥက္ကဋ္ဌထံမှ သိရသည်။                                 

ထို့သို့ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းဇယားများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာ အချက်အလက်များနှင့် အိမ်အကြောင်းအရာအချက်လက် (၆၈)ချက်အား မေးမြန်းကာ CAPI နည်းပညာဖြင့် Tablet အသုံးပြု ကောက်ယူခြင်းဖြစ်ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ရာ နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း (၇)ရပ်ကွက်/ကျေးရွာအုပ်စု (၄၁)အုပ်စု ကျေးရွာပေါင်း (၁၂၇) ရွာရှိပြီး စာရင်းကောက်ကွက်ပေါင်း ၂၈၆ ကွက်တွင် (၉၃)ကွက် ကောက်ယူပြီးစီးဖြစ်ကြောင်း မြို့နယ်သန်းခေါင်စာရင်းကောက်မတီထံမှ သိရသည်။

လှဝင်း