ကျောက်ဆည် အောက်တိုဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရဲဘော်ကြီးကျေးရွာအုပ်စု၊ အနောက်ရေပြားတော်ကျေးရွာတွင် ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ယမန်နေ့က (နဝမအကြိမ်)မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ(၃၉၄)သိန်းကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဦးစီးမှူးက ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်ပြည်သူများအားတွေ့ဆုံပြီး ယခင်နှစ်က ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်သည့်အတွက် များစွာကျေးဇူးတင်ကြောင်း စကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ အနောက်ရေပြားတောကျေးရွာမှ စိုက်ပျိုးရေးလုပ်ကိုင်သူ (၅၂)ဦးအတွက် ငွေ(၂၈၅)သိန်းကျပ်၊ မွေးမြူရေးလုပ်ကိုင်သူ(၂၆)ဦးအတွက် ငွေ(၁၀၉) သိန်း ကျပ်၊ စုစုပေါင်း ငွေ(၃၉၄)သိန်းကျပ်အား ငွေချေးပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြစိမ်းရောကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် အနောက်ရေပြားတော်ကျေးရွာမှပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ကျေးလက်ဒေသ ဆင်းရဲမှုနှုန်းကိုလျှော့ချနိုင်ခြင်း၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူများမှ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်နိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုံ့ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)