မိုင်းယန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တိကျမှန်ကန်စွာ ရရှိနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ အတွင်း စာရင်းကောက်ယူနေမှုအခြေအနေများကို တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သန်းခေါင်စာရင်းကောက်ယူရာတွင် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအား စာရင်းကောက်ကွက်များအလိုက် စာရင်းစစ်၊ စာရင်းကောက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာများ၊ အိမ်ထောင်စုအသီးသီးတို့၏ အချက်အလက်များ၊ စာရင်းများအား tablet အသုံးပြု၍ CAPI နည်းပညာဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း စနစ်တကျမေးမြန်း ကောက်ယူနေမှုအခြေအနေများကို မိုင်းယန်းခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များတို့မှ သွားရောက်အားပေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း(၂၈)ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၂၀)ဦးဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု၊ စာရင်းကောက်ကွက်များအလိုက် နေ့စဉ်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး