ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်းဆန်စပါးစားနပ်ရိက္ခာ ဖူလုံစေရန်နှင့်တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက ၆၉၉၄၄ ဧကလျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ဒေသခံတောင်သူများ၏ ကြိုးပမ်းစိုက်ပျိုးခဲ့မှုကြောင့် စက်တင်ဘာလကုန်တွင် သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။