မြို့သစ်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်စာကြည့်တိုက် အဆောက်အအုံ ဆောက်လုပ်

မြို့သစ် အောက်တိုဘာ ၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရေး၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်မားရေးအတွက် နိုင်ငံတော်၏လှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ၊ ကျေးလက်စာကြည့်တိုက်အဆောက်အအုံကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လကစတင်ပြီး ဆောက်လုပ်လျက်ရှိရာ အောက်တိုဘာ ၈ ရက်‌နေ့အထိ (၇၀) ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မြေပြင်သာကျေးရွာ၊ ကျေးလက်စာကြည့်တိုက်အဆောက်အအုံဆောက်လုပ်ရာတွင် မြို့နယ်အဆင့် စာကြည့်တိုက်များအကောင်အထည်ဖော်ရေးကော်မတီဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ စာကြည့်တိုက်အဆောက်အအုံ ဆောက်လုပ်ရာတွင် သတ်မှတ်ထားသည့် Drawing၊ Design များအတိုင်း ဆောက်လုပ်၍ အရည်အသွေးပြည့်မီစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ စာကြည့်တိုက်ဆောက်လုပ်မှု အမြန်ပြီးစီးရေး ကျေးရွာစာကြည့်တိုက် ဆောက်လုပ်မှုကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)