ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) Community Centre ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးအကြောင်း အသိပညာပေးTalk Show ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) Community Centre ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးအကြောင်း အသိပညာပေးTalk Show ကျင်းပ ဗဟန်း အောက်တိုဘာ ၉ သင်းသင်းစိုး(ပြန်/ဆက်)

တန့်ယန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ယူနေရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၆)ရပ်ကွက်အတွင်း ကြည့်ရှုအားပေးခဲ့သည်။

ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဟောပြောပွဲ စာအုပ်စာ‌စောင်နှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှု

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ တောင်သူများ မျိုးကောင်းမျိုးသန့်စပါးများ အသုံးပြုစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိရာ ယနေ့နံနက်ပိုင်းက ပလိုင်ဝမ်းကွင်း အမှတ်(၆၁၃)ရှိ ဆင်းသုခမျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (နဝမမြောက်နေ့) ဆက်လက်ကောက်ယူ

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း (နဝမမြောက်နေ့)ကို ယနေ့နံနက် ၇ နာရီမှစ၍ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်များသည် ယနေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင်ကောက်ယူလျက်ရှိသည်။

ဒေးဒရဲမြို့နယ်၊တံတားချောင်ကျေးရွာရှိ ဘက်စုံသုံးဘေးဒဏ်ခိုလှုံရာ အဆောက်အဦ (Cyclone Shelter) လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သုံးဒါတ်ကျေးရွာအုပ်စု၊ တံတားချောင်ကျေးရွာရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်ခိုလှုံနိုင်စေရေးရည်ရွယ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံ ငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ဘက်စုံသုံးဘေးဒဏ်ခိုလှုံရာ အဆောက်အဦ (Cyclone Shelter)လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁)နာရီ အခြေခံပညာဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ကောက်ယူလျက်ရှိရာ ကောက်ကွက် ၂၇၆ ကွက်တွင် ၁၈၁ ကွက်ပြီးစီး

အောက်တိုဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတစ်ဝန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ကောက်ကွက် ၂၇၆ ကွက်တွင် ၁၈၁ ကွက်ပြီးစီး၍ ကျန်ရှိကောက်ကွက်များအား ဆက်လက်ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့ အခြေခံပညာကျောင်းများ စိမ်းလန်းစိုပြည်ရေး ကိုက်ညီမှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ စစ်ကိုင်းမြို့ရှိ အခြေခံပညာကျောင်းများ စိမ်းလန်းစိုပြည်သောကျောင်း အခြေခံစံနှုန်းနှင့်ကိုက်ညီမှု ရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to