ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဈေးနှုန်းတည်ငြိမ်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်း စက်သုံးဆီသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဆင်ပြေချောမွေ့စေရေး၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်စက်သုံးဆီသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ SME အသင်းမှ တာဝန်ရှိသူများနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကော့လှိုက်ကျေးရွာ သံလွင်မြစ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး

ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ရေသည် နှစ်ကြိမ်တိုင်တိုင်ထူးကဲစံချိန်တင်မြင့်တက်မှုကြောင့် ဘားအံမြို့နယ်၊ ကော့လှိုက်ကျေးရွာတွင် အလျားပေ ၅၀၀၀ ခန့် မြစ်ကမ်းပြိုကျခဲ့ပြီး လူနေအိမ် ၃၂ လုံး ပြိုကျပျက်စီးခဲ့ရကာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အရေးပေါ်ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဘုတ်ပြင်းမြို့ Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ကျင်းပ

ဘုတ်ပြင်းမြို့ Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ကျင်းပ ဘုတ်ပြင်း အောက်တိုဘာ ၈ မြို့နယ်(ပြန်/ဆက်)

ရမည်းသင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်သာခွက်နှင့် အိမ်သာပိုက်များထောက်ပံ့ပေးအပ်

ကျန်းမာရေးဝန်ကြီးဌာန‌မှ ပတ်ဝန်ကျင်သန့်ရှင်းရေးအတွက် ရမည်းသင်းမြို့နယ်အတွင်း ရေဘေးသင့် အိမ်ထောင်စုများအား အိမ်သာခွက်နှင့် အိမ်သာပိုက်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရမည်းသင်းမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သင်းရတနာခန်းမ၌ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ်၌ ရေဘေးသင့်ကျေးရွာအချို့မှ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သော ကျေးရွာအချို့မှ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်အား ပြိုင်ပွဲဝင် ဆင် (၁၀) စီး၊ မြို့မဈေးပတ်ဆင် (၅၀) စီးနှင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်အား ပြိုင်ပွဲဝင်ဆင် (၁၀) စီးနှင့် မြို့မဈေးကြီးအား လှည့်လည်ပတ်၍ ဖျော်ဖြေသောဆင် (၅၀) စီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံက်နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

ပြည်မြို့၌ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ရုပ်တုတော်ပင့်ဆောင်တင်လှူပူဇော်ပွဲနှင့် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အောင်မင်္ဂလာကျက်သရေကုန်းတောရကျောင်းအနီးရှိ အင်းဝခေတ် ရဟန်းစာဆိုတော် ရှင်မဟာရဋ္ဌသာရ ဂူဗိမာန်တော်သို့ "ရှင်မဟာရဋ္ဌသာရ ရုပ်တုတော် "ပင့်ဆောင်တင်လှူ ပူဇော်ပွဲနှင့် ဂူဗိမာန်အဝင်လမ်း၊ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။

မိုင်းခတ်၌ ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ဒေသဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့ပေါ်ကျေးရွာနှင့် ဝေးလံသောတောင်ပေါ်ကျေးရွာများ၌ နယ်မြေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်း အဖွဲ့သည်ယနေ့နံနက်ပိုင်းက ပါပွန်းကျေးရွာအုပ်စု၊‌ထော်ပဲကူကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to