မြစ်သားမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်သီးနှံများ ပြန်လည်ကုစားရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် အစီအမံများအား တွေ့ဆုံဆွေးနွေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ၊ မြေတာဝန်ခံများသည် ယနေ့နံနက်ပိုင်းက မြစ်သားမြို့နယ် ကူမဲနှင့် မိုင်းမောစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်သီးနှံများ ပြန်လည်ကုစားရာတွင် ဆောင်ရွက်ရမည့်နည်းလမ်းများအကြောင်းနှင့် ဆောင်းသီးနှံစိုက်ပျိုးမည့် အစီအမံများအား တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။