မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်သူများထံ စာအုပ်စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေချစ်မြတ်နိုးသူ စာဖတ်ဝါသနာရှင်များထံ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက် Mobile Library ဖြင့် အ.ထ.က(ကျောင်း)သို့ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

လဟယ်မြို့ Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လဟယ်မြို့ Community Centre ခန်းမတွင် Book club နှင့် စာဖတ်ဝိုင်းကို ယမန်နေ့ညနေ(၀၃:၀၀)နာရီအချိန် ကျင်းပပြုလုပ်ပါသည်။

ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာ ကုသခန့်မဆောင်တွင် သက်ကြီးဘိုးဘွားစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီမှ (၁၂)အထိ အပတ်စဉ်​သောကြာ​နေ့တိုင်း​​ ဆောင်ရွက်မှုပေးလျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန၌ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီက ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မီးသတ်စက်လေ့ကျင့်မှုနှင့်အတူ မီးဘေးအသိပညာပေးဟောပြော

မြို့နယ်တွင်း မီးဘေးအန္တရာယ်ကင်းဝင်းစေ‌ရေးနှင့် မီးလောင်မှုဖြစ်ပွားပါက လျင်မြန်ထိရောက်စွာ ငြှိမ်းသတ်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာန၏ မီးသတ်စခန်းတွင် ယမန်နေ့ နေ့လယ်(၁)နာရီခွဲအချိန်၌ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်စက်ငယ်ဖြင့် မီးငြှိမ်းသတ်မှုနည်းလမ်းအား လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

မိုးညိုမြို့နယ်၌ မီးဘေးသင့်နေအိမ်မိသားစုအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ကျေးရွာအရောက်သွားရောက်ထောက်ပံ့

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးဘေးသင့်နေအိမ် (၁)လုံးမှ မိသားစုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်‌နေ့ညနေ ၃ နာရီက ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းဆောင်ရွက်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံမှတ်တမ်းတင်ခြင်း လုပ်ငန်းကို ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်၌ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ပြည်နယ်ကုသရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားသည်။

ရေကြည်မြို့နယ် အ.ထ.က(မြို့မ) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်(အ.ထ.က) (မြို့မ)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိတ်သတ်ရှေ့မောက် ပြောဆိုဆွေးနွေးတက်စေရန်၊  တိုင်ပင်ဆွေးနွေးခြင်း အလေ့အထကောင်းများ ရရှိလာစေရန်၊ စာပေလေ့လာဖတ်ရှု၍ ရရှိလာသည့်အသိပညာ ဗဟုသုတများကို ပြန်လည်မျှဝေတတ် စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် လူငယ်​ရေးရာ​ကကော်မတီအဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to