ဇလွန်မြို့၌  မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးနစ်မြုပ်မှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လတို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးနစ်မြုပ်မှုကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲဝင်ရောက်ရန်အတွက် ပြိုင်ပွဲဝင်များ၏အရည်အချင်း စစ်ဆေးနေမှုများကို ကြည့်ရှုအားပေး

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ဗဟိုအဆင့်) ဝင်ရောက်ယဉ်ပြိုင်ရန်အတွက် ပြိုင်ပွဲဝင်များအား ပုသိမ်တက္ကသိုလ် စံပယ်ဆောင်၊ မြကန်သာခန်းမတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြိုင်ပွဲဝင်များ၏ အရည်အချင်းစစ်ဆေးနေမှုများကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co.,Ltd တို့အကြားချုပ်ဆိုမည့် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိတ္ထီလာမြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ စိုက်ဧက ၇၉၈၆ ဧက စိုက်ပျိုးရန် သတ်မှတ်လျာထားရာမှ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ဧက ၅၁၇၈ ဧက စိုက်ပျိုးပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိုးနှောင်း ချည်မျှင်ရှည်ဝါစိုက်ဧက ၇၉၈၆ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားရာမှ မိုးနှောင်းချည်မျှင်ရှည် ဝါစိုက်ဧက ၅၁၇၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်များပြသခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က စော်ကဲ (အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကမာဝက်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေး

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယမန်နေ့က ကျိုက်ဇယ်ဓမ္မာရုံဆေးတိုက်စုရပ်၌ ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အဝေးပြေးယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်းကော်မတီအသစ် ရွေးချယ်ခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အဝေးပြေးယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ၏ ကော်မတီအသစ်ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါကော်မတီရုံး ရွှေမန္တလေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီးပို့ဆောင်ရေးစီမံကိန်းဦးစီးမှူး ဦးတင်စိုးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာယာဉ်ရပ်နားစခန်းကွင်းများအလိုက် ကိုယ်စားလှယ်လောင်း ၁၈ ဦး တက်ရောက်ခဲ့ကြသည်။

မဟာအောင်မြေမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၉)ရက်မြောက်နေ့ ကောက်ယူနေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

မန္တလေးတိုင်းဒေသကြီး၊​ မဟာအောင်မြေမြို့နယ်၌  ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက (၉)ရက်မြောက်နေ့အဖြစ် ယ​နေ့နံနက်ပိုင်းတွင် ​ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။     
Subscribe to