ကျိုင်းတုံမြို့၌ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးဆိုင်ရာ (အ‌ခြေခံ) သင်တန်း ဖွင့်လှစ်မည်

ကျိုင်းတုံ အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ကြီးမှူးဖွင့်လှစ်မည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ နိုဝင်ဘာလ ၁၀ ရက်အထိ ကျိုင်းတုံမြို့၊ ကျိုင်းတုံမူလတန်းကြိုကျောင်း၊ မြို့တော်ခန်းမအနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ အခြေခံပညာအဆင့်ရှိသူ အမျိုးသား/ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မူကြိုပညာရပ်ဖြင့် မိမိရပ်ရွာတွင် အသက်မွေးဝမ်းကျောင်းပြုနိုင်ရန်၊ အိုးမကွာအိမ်မကွာ မိမိအိပ်၌ပင် မူကြိုကျောင်းဖွင့်လှစ်နိုင်ရန်၊ ရင်သွေးငယ်များကို ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုး‌ထောင်ရေးဆိုင်ရာ နည်းလမ်းများဖြင့် နည်းစနစ်မှန်ကန်စွာ ပြုစုပေးနိုင်ရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်ပြုစုပျိုး‌ထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်သော နည်းပြဆရာများမှ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးဆုံးပါက အသိအမှတ်ပြုသင်တန်းဆင်းလက်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြို့နယ်များမှ တက်ရောက်သူများအတွက် နေထိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တက်ရောက်လိုသူများအနေဖြင့် လိုင်စင်ဓာတ်ပုံ (၂) ပုံနှင့်အတူ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)