ညောင်ဦးမြို့ ငှက်ပစ်တောင်ဘုရားသွားစောင်းတန်းပြိုကျပျက်စီးသည့်နေရာသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းစစ်ဆေး

ညောင်ဦး အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ငှက်ပစ်တောင်ရပ်ကွက်၊ ငှက်ပစ်တောင်ဘုရားသွားစောင်းတန်း မိုးရွာသွန်းမှုများခြင်းကြောင့် ထနောင်းပင်စောင်းတန်းပေါ်သို့ လဲကျခြင်းကြောင့် ပျက်စီးသွားသည့် စောင်းတန်းအခြေအနေများအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ ပြန်လည်ပြုပြင်နိုင်ရေး ယနေ့နံနက် ၉နာရီအချိန်က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ အဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခရိုင်သာသနာရေးမှူး ဦးနေလင်းသိန်း၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦး စီးဌာန၊ ပုဂံဌာနခွဲမှတာဝန်ရှိသူများသည် စက်တင်ဘာ ၂၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ထနောင်ပင်လဲကျပြီး ငှက်ပစ်တောင်ဘုရားသွားစောင်းတန်းပျိုကျပျက်စီးခဲ့ခြင်းအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးနှင့်မူလအလှူရှင်များ ပြန်လည်ဆက်သွယ်၍ ပြန်လည်ပြုပြင်နိုင်ပါက ပြန်လည်ပြုပြင်နိုင်ရေး၊ ပျိုကျပျက်စီးမှုတွင် ၈ ပေပတ် လည် ၉ ခန်းပျက်စီးခဲ့ကာ၊ သွပ်မိုး၊ အုတ်တိုင်၊ ကွန်ကရစ်ခင်းထားခြင်းဖြစ်ကြောင်း၊ ခေတ်လက်ရာစောင်းတန်းဖြစ်ပြီး ၁၃၆၀ ခုနှစ်၊ မြန်မာပြည်အနယ်နယ်အရပ်ရပ်မှ လှူဒါန်းထားခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၆ နှစ်ခန့်စောင်းတန်းဖြစ်ကြောင်း သိရသည်။

ဒီပါလင်း