ကျောက်တံခါး အောက်တိုဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီက အခြေခံပညာမူလတန်း (မူလွန်) (ဟာရီကျန်း) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ တာဝန်ခံဆရာမ ဒေါ် သွယ်ဇင်ဦး က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်က ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားအသက်အရွယ်၊ ကလေးအလုပ်သမားအလုပ်ချိန်ဆိုင်ရာအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်အဖြစ် မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်နှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းများကိုဆောင်ရွက်ပြီး ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်စသည့် အသိပညာပေးနံရံကပ်စာစောင်ပြသရာ ကျောင်းသားကျောင်းသူက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)