ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းနှင့်တာဝန်ရှိသူများသည် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆက်လက်ကောက်ယူနေမှုအား ကြည့်ရှုအားပေး

ဇလွန် အောက်တိုဘာ  

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ဇလွန်မြို့၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ဆက်လက်ကောက်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ဟင်္သာတခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းနှင့် တာဝန်ရှိသူများသည် မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ ဆက်လက်ကောက်ယူနေမှုတို့အား လိုက်လံကြည့်ရှုအားပေးခဲ့၍ လိုအပ်သည်များကို ပေါင်းစပ်ညှိ့နှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဇလွန်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၆၆)အုပ်စု၊ ကောက်ကွက် ပေါင်း(၃၁)ကွက်တို့၌ စာရင်းစစ်(၃၄)ဦး၊ စာရင်းကောက်(၁၃၀)ဦးတို့က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)