ညောင်ဦးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (နဝမမြောက်နေ့) ဆက်လက်ကောက်ယူ

ညောင်ဦး  အောက်တိုဘာ  ၉

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း (နဝမမြောက်နေ့)ကို ယနေ့နံနက် ၇ နာရီမှစ၍ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ရပ်ကွက်ပေါင်း(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၅)အုပ်စုတွင် သန်းခေါင်စာရင်းကောက်ကွက် (၅၇၃)ကွက်ရှိပြီး  စာရင်းစစ်၊ စာရင်းစစ်ကောက်အဖွဲ့ (၄၁) ဖွဲ့ဖြင့် သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များမှ မိမိတာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း အိမ်တိုင်ရာရောက် Mobile Tablet များ  အသုံးပြု၍ သန်းခေါင် စာရင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာသို့၊ ညောင်ဦးခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊လုံခြုံရေးတပ်ဖွဲ့များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍအလိုက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း