တန့်ယန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား ကြည့်ရှုအားပေး

တန့်ယန်း အောက်တိုဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ကောက်ယူနေရာ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၆)ရပ်ကွက်အတွင်း ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထိန်၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအမ်ဇော်နော်နှင့် တာဝန်ရှိသူများက ကြည့်ရှုကာကောက်ကွက် တာဝန်ခံများက Tablet အသုံးပြု၍ CAPI နည်းပညာဖြင့် ကောက်ယူစာရင်းသွင်းနေလျက်ရှိပြီး အမှတ်(၆)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်နီ၊ ရပ်/ကျေးစာရေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးကြသည်။

မင်းလွင်ဦး(တန့်ယန်း)