ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဟောပြောပွဲ စာအုပ်စာ‌စောင်နှင့် နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ရွှေကျင် အောက်တိုဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် သီတင်းကျွတ်ကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကလေးအလုပ်သမား‌လျှော့ချရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။

ဟောပြောပွဲတွင် ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ကလေးလုပ်သားဆိုတာ ဘာလဲဆိုသည့် အကြောင်းအရာများ၊ ကလေးလုပ်သား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများ၊ ကလေးလုပ်သားများကို မည်သို့ဖြေလျှော့ရမည့် နည်းလမ်းများအကြောင်း၊ ကလေးလုပ်သားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများအား အသိပညာတိုးပွါးစေမည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း/ ကော်မတီမှ ထုတ်ဝေသည့် ရုပ်ပြ၊ ကဗျာစာအုပ်များနှင့် နံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ဆက်)