ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုးဒဏ်ကြောင့် လမ်း၊ တံတားပျက်စီးမှုနှင့် ပြန်လည်ဆောင်ရွက်ထားရှိမှုများအာ သွားကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များ၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ(၈)ရက်နံနက်(၈)နာရီက မိတ္ထီလာ-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်း မိုးဒဏ်ကြောင့် ပျက်စီးသွားမှုနှင့် ပြည်လည်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် လမ်းပြန်လည်ပြုပြင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ရေဘေးသင့်ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးခြင်းအစီအစဉ်ကို လူမှုဝန်ထမ်းဦးစီးဌာနမှ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်‌နေ့အထိ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့တွင် တောင်ငူမြို့ အမှတ်(၁)ရပ်ကွက်၊ (၁၈)ရပ်ကွက်နှင့် ဇီးဒိုင်းကျေးရွာအုပ်စုများသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။

သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးရန် တောင်သူများသို့ နေကြာမျိုး၊ မြေပဲမျိုးစေ့နှင့် မြေသြဇာပေးအပ်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းဆီထွက်သီးနှံစိုက်ပျိုးရန်တောင်သူများသို့ နေကြာမျိုး၊ မြေပဲမျိုးစေ့နှင့် မြေသြဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ နေ့လယ် ၁ နာရီက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား တက်ရောက်

၂ဝ၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်နိုင်ရေး မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား၊ အမျိုးသမီး မြန်မာ့သိုင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်၍ မြန်မာ့သိုင်းသရုပ်ပြသခြင်းနှင့် ဗိုဗီနမ်ပြိုင်ပွဲ ဗိုလ်လုပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက်(၂၀)အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ တက်ရောက်ဖွင့်လှစ်

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်းပေါင်းစုံ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ဖူဆယ်အားကစားနည်းအတွက် အားကစားသမားများ ထပ်မံဖြည့်စွက် စခန်းသွင်းလေ့ကျင့်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၀)နှစ်အောက် ကလပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ငွေဆောင်မြို့၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးကာကွယ်ဆေး အခမဲ့ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ (၁၈) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေဖြင့် မြို့အတွင်းရှိ အိမ်မွေးတိရစ္ဆာန် ခွေးများတွင် ခွေးရူးရောဂါအန္တရာယ်ကင်းဝေးစေရေးအတွက် ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ မြို့ဦးစေတီဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ သက်ဆိုင်ရာသန်းခေါင်စာရင်းကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိပြီး ယမန်နေ့က လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုခြေအနေများကို တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့၌ ကလေးသူငယ်အခွင့်အရေးနှင့် မိုင်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် THE HALO TRUST(NGO) အဖွဲ့အစည်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးနှင့် မိုင်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးနှင့် ဆေးအဖွဲ့များ နယ်လှည့်ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ခရိုင်ကုသရေးဦးစီးဌာနမှူးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ၊ သမားတော်ကြီးများနှင့် ဆေးအဖွဲ့များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်က အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့တိုက်နယ်ဆေးရုံတွင် နယ်လှည့်ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်​ကောင်းများ ရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က(တပ်နယ်)ကျောင်းတွင်လည်ကောင်း၊ မွန်းလွဲ (၁) နာရီအချိန်တွင် အ.လ.က (ခွဲ) ပဲခူးလမ်းကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to