ဖြူးမြို့နယ်၌ လူထုအခြေပြုဗဟိုဌာန၌ လူပီသသောလူ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ပူးပေါင်း၍ စာဖတ်စွမ်းရည်များကောင်းမွန်ပြီး ဖတ်မှတ်ထားသည့် စာအုပ်စာပေများအားပြန်လည်မျှဝေနိုင်စေရန်အတွက်ရည်ရွယ်ပြီး စာရေးဆရာကိုစိုးထိုက်(ဖဒို)ရေးသားသည့်“လူပီသသောလူ”စာအုပ်အား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တံခါးမြို့တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးပြပွဲများပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီအချိန်က အ.ထ.က(ခွဲ)(ခင်သာ) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး မျက်ပါးရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါခေါ်ယူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစည်းခုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် မျက်ပါးရွှေဆိုင်း ရွှေသင်္ကန်းကပ်လှူနိုင်ရန်အတွက် ရွှေဆိုင်း ၁၀၀၀၀ ဈေးပြိုင်တင်ဒါခေါ်ယူပွဲအခမ်းအနားကို ရွှေစည်းခုံဘုရားကြီး အရှေ့တောင်ထောင့်ရှိ အင်္ဂါထောင့်မဏ္ဍပ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မှော်ဘီမြို့နယ် အ.ထ.က (သန္ဓေပင်) ၌ ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ဘက်စုံပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်) ပညာသန္ဓေခန်းမ၌ ကျင်းပခဲ့သည်။

မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းတွင် ဆုံဆို့နှင့် မေးခိုင်ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်ရှိ မာဂဓီသာစည် ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့နှင့်မေးခိုင်ကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ပုံပါကျင်မြို့၊ အထက (ပုံပါကျင်) ကျောင်း၌ ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ပုံပါကျင်) ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် ငါန်းဇွန်မြို့အ.ထ.ကတို့ ပူးပေါင်း၍ စာရေးဆရာ အောင်ကိုဦး(UMK)၏ “လူငယ်တွေစဉ်းစားဖို့” စာအုပ်ကို လေ့လာဖတ်ရှုပြီး စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗိုလ်တထောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်ပြီး မြို့နယ်ပညာရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/ သူများ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေးနှင့် ကာယ/ ဉာဏစွမ်းရည်များ မြင့်မားလာစေရန်အတွက် ရည်ရွယ်ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုလူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဗိုလ်တထောင်မြို့ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

မြဝတီမြို့ အ.ထ.က(ဝါးတော)၌ ၂၀၂၃–၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ကရင်ပြည်နယ်၊ ​မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (ဝါးတော)၏ ၂၀၂၃–၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းခန်းမ၌ ကျင်းပသည်။

မုံရွာမြို့ အ.ထ.က(၂)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက  ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to