ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (စတုတ္ထအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရ သာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကြီး ကျင်းပမည်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ (စတုတ္ထအကြိမ်မြောက်) နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကို နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် နိုဝင်ဘာလ(၁)ရက်နေ့မှ၍ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။