ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း တစ်အိမ်တက်ဆင်း (၁၂ ရက်မြောက်နေ့) ကောက်ယူ

ပုဇွန်တောင် အောက်တိုဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ()ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်   နာရီအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အမှတ်(၉)ရပ်ကွက်နှင့် အမှတ်(၁၀)ရပ်ကွက်များလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများ (၁၂ ရက်မြောက်နေ့) ဆက်လက် ကောက်ယူလျက်ရှိသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၀) ရပ်ကွက် ကောက်ကွက်ပေါင်း (၁၁၇)ကွက်စာရင်းစစ်၊ စာရင်းကောက် (၅၇) ဦးနှင့် Volunteer များက လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ်ဖြင့် အိမ်ထောင်စုမေးခွန်းပုံစံ (၆၈)ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ (၁၈)ခုဖြင့် Mobile Tablet များဖြင့် အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ ကောက်ယူရာ ပြည်သူများက စိတ်ပါဝင်စားစွာဖြင့်  ပြည်ပြည်စုံစုံဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာသို့  မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလှိုင်၊ အဖွဲ့ဝင်() ဗိုလ်မှူးအောင်ကျော်လွင်နှင့် အဖွဲ့ဝင်(၂) ဦးမင်းဇော်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်သူညွန့်တို့က အနီးကပ်လိုက်လံ အားပေးခဲ့ကြပြီး သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး၊ သတ်မှတ်ရက်အတွင်း ရာနှုန်းပြည့်ပြီးစီးအောင် ကြိုးစားကောက်ယူရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်