ကျောက်ဆည်မြို့နယ် ကလေးကျေးရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်းငွေများ (တတိယအကြိမ်) ထုတ်ချေးပေး

ကျောက်ဆည် အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများလူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ အ‌ရောင်းအဝယ်ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ အရင်းမပျောက်မတည်လည်ပတ်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ထုတ်ချေးပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းများ အကြောင်းအထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက ကလေးကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းငွေများ (တတိယအကြိမ်) ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့စီမံကိန်းချေးငွေများ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ဦးစီးမှူးက ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ၊ ပြည်သူများအား တွေ့ဆုံပြီး ကလေးကျေးရွာသည် စိုက်ပျိုးရေးကို အခြေခံသည့်ကျေးရွာ ဖြစ်သောကြောင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံစိုက်ပျိုးထုတ်မှုမြင့်မားရေးအတွက် ဆီထွက်သီးနှံစိုက်တောင်သူများအား မြစိမ်းရောင်ကျေးရွာစီမံကိန်းငွေများ ဦးစားပေးထုတ်ချေးပေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ကလေးကျေးရွာမှ ဆီထွက်သီးနှံစိုက်ပျိုးသည့်တောင်သူ (၁၁၆) ဦးအား (တတိယအကြိမ်) မြစိမ်းရောင်ကျေးရွာစီမံကန်းငွေ (၃၁၂၀၀၀၀၀) ကျပ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မြစိမ်းရောကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ခြင်း၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက်အမှန်တကယ် လိုအပ်သော ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာပြည်သူများမှ ကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်လာပါက တုန့်ပြန်မှုအားကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။               

သက်မောင်(ကျောက်ဆည်)