သဲကုန်း အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အများပြည်သူ သုံးစွဲရန်မသင့်သော စပ်ဆေးများနှင့်တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/ မရှိ လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့က ရပ်ကွက်(၁)ရှိ ဆေးဝါးပစ္စည်းရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့မှ အများပြည်သူများသုံးစွဲရန် မသင့်သည့်ဆေးဝါးများအား၊ နေ့စဉ်ထုတ် သတင်းစာများတွင် အသိပေးကြေညာထားပြီးဖြစ်ရာ အဆိုပါဆေးဝါးများအား စျေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေမှုများ ရှိ/ မရှိ လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်၊ စပ်ဆေးများနှင့် တရားမဝင်ဆေးဝါးများရောင်းချပါက ဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြာင်းအသိပညာပေးဆောင်ရွက်ခဲ့ပြီး ဆေးဝါးများရောင်းချရာတွင် ပုံမှန်သတ်မှတ်ထားသည့် စျေးနှုန်းများထက် ရောင်းချခြင်း ရှိ/ မရှိများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)