သီတင်းကျွတ်လပြည့်နေ့တွင် စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ဘုရားကြီးများတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကား

သီတင်းကျွတ်လပြည့်နေ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ရာဇမဏိကောင်းမှုတော် စေတီတော်မြတ်ကြီးတွင်  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါန ပြုကြသူများဖြင့် စည်ကားလျက်ရှိ

သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ် လူသုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူး ဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။

ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင် ဆုတောင်းပြည့်ဘုရားတွင် ရိုးရာဆင်လှူပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရွှေသာလျောင်းတောင် ဆုတောင်းပြည့်ဘုရားတွင် ရိုးရာဆင်လှူပွဲတော်အား ရွှေသာလျောင်တောင်ထိပ် ဓမ္မာရုံတွင် ယနေ့ နံနက်(၅)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သော ပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ မြန်မာ့ရိုးရာဆင်အကအလှပြိုင်ပွဲတွင် ဆုရရှိခဲ့သောပြိုင်ပွဲဝင်ဆင်များအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆ နာရီက ရွှေသာလျောင်းတောင် ဆင်အကအလှပြိုင်ပွဲဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်)နေ့ ဇီဝိတဒါန ငါးလွှတ်ခြင်းနှင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်)နေ့တွင် ဇီဝိတဒါနအဖြစ် စုပေါင်းငါးလွှတ်ပွဲအား ယနေ့ နံနက် ၇ နာရီအချိန်က မယ်ခေါင်ရပ်ကွက်၊ရွှေဝါနဒီ ပန်းခြံ၌ ပြုလုပ်ခဲ့သည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံစေတီ‌တော်မြတ်ကြီးနှင့် အခြားသော တန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့၌ ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင်တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားသည် ဘုရာဖူးပြည်သူများနှင့် နေ့စဉ်စည်ကားလျက်ရှိပြီး ယနေ့နံနက် သီတင်းကျွတ်လပြည့်နေ့တွင် ဘုရားဖူးပြည်သူများနှင့် ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိရသည်။

ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင် မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် စာရေးတံ၊ သံဃာ့ဒါန ဆွမ်းသပိတ်လောင်းလှူပွဲ ကျင်းပ

၁၃၈၆ ခု၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ သီရိဓမ္မာအသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် မဟာရွှေမြင်တင် စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် စာရေးတံ၊ သံဃာ့ဒါနဆွမ်းသပိတ် လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီခွဲက အဆိုပါ မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပြတ် နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ယနေ့နံနက် ၄ နာရီက ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်-ချောင်းသာကားလမ်း မျက်ကွယ်ကွေ့များအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၊ ခရီးသွားလုပ်ငန်း ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်-ချောင်းသာကားလမ်း မျက်ကွယ်ကွေ့များအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to