ကျိုက်ထိုမြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်ခံစားခွင့်လာရောက်ထုတ်ယူရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်‌ပေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ ပင်စင်ခံစားခွင့် လာရောက်ထုတ်ယူရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ အခမဲ့စမ်းသပ်စစ်ဆေးပေးခဲ့သည်။

အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအားအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယနေ့နံနက် ၈ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်လတ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ကျွေးမွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ကျွေးမွေးခြင်းကို ယနေ့နံနက် (၈) နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်‌နေ့အထိမ်းအမှတ် သစ်သီးဝလံ ပြပွဲ/ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းတွင် စိတ်ဝင်စားမှုရှိစေရေးနှင့် စိုက်ပျိုးပင်မျိုးကောင်းမျိုးသန့် အထွက်နှုန်းကောင်းမွန်စေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် သစ်သီးဝလံပြပွဲ/ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့်အာဟာရဒါန ကျွေးမွေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ကျွေးမွေးခြင်းများကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့‌ ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ လျက်ယနေ့နံနက်ပိုင်းတွင်ထားဝယ်မြို့၊ ကမြောကင်းတံတားချဉ်းကပ်လမ်းပေါ်ရှိ ကျောက်စီရေမြောင်း တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဇန်နဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက် ၅ နာရီခွဲအချိန်က ဘဏ်ဝန်ထမ်းများမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ   လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်ကာ စနစ်တကျထုတ်ပေးလျက်ရှိကြောင်းသိရသည်။

ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း​များအား ယနေ့နံနက် ၉ နာရီက ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ပင်စင်လစာခံစားနေသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက်ပိုင်းမှ စတင်၍ မြန်မာ့စီးပွားရေး ဘဏ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်၌ “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” အသိပညာပေး ဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ “ပလပ်စတစ်အန္တရာယ် ဒို့ကာကွယ်” အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာမူလွန်ကျောင်း အမှတ်-၄တွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to