ဆူးလေစေတီတော်၌ သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် (၃) ရက်တိုင် ဆီမီးငါးထောင်ထွန်းညှိ ပူဇော်မည်

ကျောက်တံတားမြို့ရှိ ဆူးလေစေတီတော်တွင် သီတင်းကျွတ်လပြည့်အထိမ်းအမှတ်အဖြစ် အဖိတ်နေ့၊ လပြည့်နေ့နှင့်လပြည့်ကျော် (၁) ရက်နေ့များဖြစ်သည့် အောက်တိုဘာလ (၁၆) ၊ (၁၇) နှင့် (၁၈) ရက်‌နေ့ညများတွင် ဆီမီးငါးထောင်ထွန်းညှိ ပူဇော်မည်ဟု သိရသည်။

မုဒုံမြို့ရှိ ဆံတော်ရှင်ကန်ကြီးစေတီတော်၏ (၁၅၀) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့ရှိ သမိုင်းဝင်ဆံတော်ရှင်ကန်ကြီးစေတီတော်မြတ်ကြီး၏ (၁၅၀)ကြိမ်မြောက် သီတင်းကျွတ် ဗုဒ္ဓပူဇနိယပွဲတော် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကန်ကြီးမင်္ဂလာကန်တော်၌ ကျင်းပသည်။

မလှိုင်မြို့နယ် သပြေပင်ကျေးရွာတွင် ပိုက်ဆံလျှော်ကြဲပက်ခြင်းအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရေချိုဘူတာအုပ်စု၊ သပြေပင်ကျေးရွာတွင် ပိုက်ဆံလျှော်ကြဲပက်ပွဲအခမ်းအနား(ကွင်းသရုပ်ပြပွဲ)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တောင်သူဦးစိုးလွင်၏ စိုက်ဧက ၁၀ ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် စာဂမုတ္တိအကျွတ်အလွတ်စေတီတော် စတုတ္ထအကြိမ်မြောက် ဗုဒ္ဓဘိသေက အနေကဇာတင်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၅၃ ရပ်ကွက် မြို့နယ်ကျက်သရေဆောင် ​ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှ - ဘုရား) စေတီတော်ရင်ပြင် ပရဝုဏ်အတွင်း တနင်္ဂနွေထောင့်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် စာဂမုတ္တိ အကျွတ်အလွတ်စေတီတော် စတုတ္ထအကြိမ်မြောက် ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီ၌ ကျင်းပပြုလုပ်သည်။

ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂ဝ၂၄) သို့ တက်ရောက်မည့် သင်တန်းသားများအား သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မွန်ပြည်နယ်မှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) သို့ တက်ရောက်မည့် သင်တန်းသား ၁၀၁ ဦးအား ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၊ နယ်မြေခံသင်တန်းကျောင်း၌ သွားရောက်တွေ့ဆုံခဲ့သည်။

ကျိုင်းတုံမြို့ မဟာမြတ်မုနိဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလ အပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၆ နာရီက မဟာမြတ်မုနိဘုရား၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၌ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်နှင့်မြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ရေကူးပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲ တက်‌ရောက်

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်နှင့်မြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ရေကူးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပုသိမ်မြို့၊ အဆင့်မြင့်ရေကူးကန်တွင် ကျင်းပခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ရာနှုန်းပြည့် ကောက်ယူပြီးစီး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက အောက်တိုဘာလ (၁)ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၁၅) ရက်နေ့ထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်းကောက်ယူလျက်ရှိရာ ရာနှုန်းပြည့် ကောက်ယူပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူပြီးစီးမှု ကောက်ကွက် ပိတ်သိမ်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို မြို့နယ်အတွင်းရှိရပ်ကွက်များ အလိုက် စာရင်းကောက်အဖွဲ့များမှ တစ်အိမ်တက်ဆင်းကောက်ယူခဲ့ရာ ကောက်ယူမှု ရာနူန်းပြည့်ပြီးစီး သွားပြီဖြစ်သည့်အတွက် စာရင်းကောက်ကွက်ပိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ သီတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to