တပ်ကုန်းမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့) မှ စားနပ်ရိက္ခာများ လှူဒါန်း

ပြည်ထောင်စူနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ရေဘေးသင့်ခဲ့သည့် ပြည်သူများအား အောင်ဇေယျရပ်ကွက်ရှိ မြို့လယ်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌  WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) နှင့် UNICEF (ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့) မှ ရိက္ခာများ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် ဝါထွက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌ နှစ်စဉ်ကျင်းပသော ဝါထွက်ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့နေ့လယ် ၁ နာရီကကျင်းပပြုလုပ်ခဲ့သည်။

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အကြို အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ခရစ်ကတ်ပြိုင်ပွဲကျင်းပ

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အကြို ကရင်ပြည်နယ် အမျိုးသား/ အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပသည်။

ကျောက်ဆည်မြို့တွင် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အနော်ရထာမင်းကြီး လက်ထက်မှစ၍ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်အကအလှပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေသာလျောင်း တောင်ခြေဆင်အကအလှပြိုင်ကွင်း ဗဟိုမဏ္ဍပ်တွင် ဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ဆင်အကအလှပြိုင်ပွဲသို့ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားလွှတ် တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ နယ်မြေခံတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဆင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း ဆွမ်းဆန်တော်လောင်းလှူပွဲနှင့် ရေစက်ချ မင်္ဂလာအခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလ သံဃာတော်အပါး(၅၀၀)နှင့် သီလရှင် ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်လောင်းလှူပွဲနှင့်ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီးရင်ပြင်တော်၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်လောင်းလှူ ကြသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပ၍ စိမ်းလန်းစိုပြည်စေရေး ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ ကမ်းပါးထိန်းနှစ်ရှည်ပင်များအား ပြုစုပျိုးထောင်ပေး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေး၍ စိမ်းလန်းစိုပြည်လာစေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း၍ ကောင်းမွန်သော လူမှုပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေ (၃)နာရီက ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်‌ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးကူညီမှု ဖြင့်တိုးချဲ့ဆောင်ရွက်သည့် ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး မတည်ရင်းနှီးပံ့ပိုးပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်သူ ဦးအောင်ဆွေ၏ ရာဘာခြံသို့ သွား‌‌ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to