မင်းဘူးလိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ ဒေသတွင်းလူငယ်ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းထွန်းလာစေရန် မင်းဘူးဒေသ ဘောလုံးအားကစားဝါသနာရှင်များပူးပေါင်းပြီး ကြီးမှူးကျင်းပသော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မင်းဘူးလိဂ်အမှတ်ပေးအမျိုးသားဘောလုံးပြိုင်ပွဲပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၁ ရက် (ယမန်နေ့) မွန်းလွဲပိုင်းက မင်းဘူးခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ရတနာပုံတက္ကသိုလ်အားကစားခန်းမ၌ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ထန်းတောကျေးရွာအနီးရှိ ရတနာပုံတက္ကသိုလ်၊ အားကစားခန်းမတွင် ယနေ့နံနက်ပိုင်းက တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများတွင် ဆုရရှိသူ များဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာငွေများ စတင်ထုတ်ပေး

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်မှ ယနေ့နံနက် ၇ နာရီတွင် စတင်ထုတ်ပေးပြီဖြစ်ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်း၌ ပင်စင်လစာလာရောက်ထုတ်ယူကြသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစား မိဘပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက အခမဲ့ဆေးဝါး ကုသကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။

အမရပူရမြို့နယ်တွင် Myanmar Electronic Voting Machine (MEVM) စနစ်ဖြင့်မဲပေးခြင်း လက်တွေ့သရုပ်ပြ

 မန္တလေးတိုင်းဒေသကြီး၊ အမရပုရခရိုင်၊ အမရပူရမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အမရပူရမြို့နယ် မဲဆန္ဒရှင်ပြည်သူများကို မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဖြင့် လက်တွေ့ စမ်းသပ်မဲ ပေးလေ့လာခြင်း အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

မိုင်းရယ်မြို့နယ် အ.ထ.ကတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောင်းသားလူငယ်လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ်(၁)နာရီက မိုင်းရယ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

မြဝတီမြို့၌ ၂၀၂၃–၂၀၂၄ ပညာသင်နှစ် ခရိုင်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆု ချီးမြှင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်အတွက် ခရိုင်အဆင့်  ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က ပညာရွှေဖူး ကိုယ်ပိုင်မူလတန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့သည်။

တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာန၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်က တံတားဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြော ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းတွင်း ကဗျာ၊စာစီစာကုံး၊ဆောင်ပါး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ (အ.ထ.က)(စဉ့်ကိုင်)တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျောင်းတွင်း ကဗျာ၊စာစီစာကုံး၊ဆောင်ပါး၊ပန်းချီ ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မက်မန်းမြို့နယ်တွင် ဈေးကွက်ဝင် သံပုရာသီးများစိုက်ပျိုးရာတွင် အောင်မြင်လျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၊ ကွန်ဟောင်းကျေးရွာတွင် ဈေးကွက်ဝင် သံပုရာသီးများ စိုက်ပျိုးရာတွင် အောင်မြင်လျက်ရှိကြောင်း သိရသည်။
Subscribe to