ပြင်ဦးလွင် အောက်တိုဘာ ၁၇
၁၃၈၆ ခု၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁) ရှိ သီရိဓမ္မာအသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင် မဟာရွှေမြင်တင် စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် စာရေးတံ၊ သံဃာ့ဒါနဆွမ်းသပိတ် လောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီခွဲက အဆိုပါ မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ (၁၁၆) ကြိမ်မြောက် စာရေးတံ သံဃာ့ဒါနဆွမ်းသပိတ် လောင်းလှူပွဲတွင် တာဝန်ရှိသူများ၊ သမိုင်းဝင် မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက ဆွမ်းသပိတ်နှင့် နဝကမ္မအလှူတော်ငွေများအား ဆရာတော်အရှင်သူမြတ်များထံသို့ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ သမိုင်းဝင်မဟာရွှေမြင်တင်စေတီတော်မြတ်ကြီး၏ (၁၁၆) ကြိမ်မြောက် စာရေးတံ၊ သံဃာ့ဒါန ဆွမ်းသပိတ်လောင်းလှူပွဲတွင် ဩဝါဒစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် သံဃာအပါး (၇၀၀) ပါးတို့အား ဆွမ်းဒါနဆွမ်းသပိတ်များ စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)