ပန်းတနော်မြို့၌ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတုပွဲတော် မုခ်ဦးဖွင့်ပွဲနှင့်အလံတင်အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့ မြတောင်စာသင်တိုက် နှစ်ငါးဆယ်ပြည့် ရွှေရတုပွဲတော် မုခ်ဦးဖွင့်ပွဲနှင့်အလံတင်အခမ်းအနားကို ၁၃၈၅ ခုနှစ်၊ ပြာသိုလဆန်း (၁၃) ရက် ဇန်နဝါရီလ ၂၃ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို၊ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းရှိ စကားဝါခန်းမဆောင်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်‌ ပေးခြင်းများနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုအခြေအနေတို့အားလာရောက်ကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်‌ပေး ခြင်းများနှင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ဇန်နဝါရီလ (၂၂)ရက်နေ့မှ စတင်ဆောင်ရွက် ပေးခဲ့ရာ ထို့သို့ ဆောင်ရွက်‌ပေးနေမှုအား ယနေ့ နံနက်(၉)နာရီအချိန်က ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသော နံပါတ် Unique ID ထုတ်ပေးရန်နှင့် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ် တည်ဆောက်ရန်ရည်ရွယ်၍ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ ဇွန်(၂၆)ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက်ရှိ Lucky Fortune Co.,Ltd တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

မင်္ဂလာဒုံမြို့နယ်တွင် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ပါက ကြိုတင်ပြင်ဆင်နိုင်ရန် မြေငလျင်သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် သဘောဝဘေးအန္တရာယ်များအနက် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် ငလျင်သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်နိုင်ရန် မြေငလျင်ဘေးအန္တရာယ်သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဦးစီး၍ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီမိနစ် ၃၀ တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုများအား ကန့်ကွက်ရှုတ်ချပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ အကြမ်းဖက်သမားများ၏ ဘုရား၊ စေတီ၊ ပုထိုးများကို ဖျက်ဆီးနေမှုအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက် ၉ နာရီမှစတင်၍ ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်၊ ဦးခိုလမ်းရှိ ဆယ်ထပ်ကြီးဘုရားဝန်းအတွင်း၌ ဟောပြောပွဲ နှင့် မြို့တွင်းသို့ လှည့်လည်၍ ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ ယစ်မျိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား ကြော်ငြာခြင်းမပြုလုပ်ရန် ရှင်းလင်းပြောကြားခြင်း

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ယစ်မျိုးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များအား ကြော်ငြာခြင်းမပြုလုပ်ရန် ရှင်းလင်းပြောကြားခြင်းကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ၌ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅)တပ်မတော်ဆေးရုံမှ ဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာ၌ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ်(၅)တပ်မတော်ဆေးရုံမှ ဆရာဝန်ကြီးများပါဝင်သော နယ်လှည့်ဆေးကုသရေးအဖွဲ့ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၂၃ လှိုင်မျိုးအောင်
Subscribe to