မိုင်းယောင်းမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းယောင်းမြို့၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ မိုင်းယောင်း အောက်တိုဘာ ၂၁ နန်းစီဖေါင်း(ပြန်/ဆက်)

ရှမ်းပြည်နယ်ဝန်ကြီးချုပ် အလွတ်တန်းဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်အားပေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ရှမ်းပြည်နယ်စားပွဲတင်တင်းနစ်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် အလွတ်တန်းဖိတ်ခေါ်စားပွဲတင်တင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ရှမ်းပြည်နယ်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယအဆင့်၊ ဌာနဆိုင်ဝန်ထမ်းများ စာရင်းစစ်/ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့"ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ဒုတိယအဆင့်၊ ဌာနဆိုင်ဝန်ထမ်းများ စာရင်းစစ်/စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁နာရီအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပသည်။

မအူပင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန် ပြိုကျပျက်စီး

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ စစ်ချောင်းကျေးရွာအုပ်စု၊ စက်ကြီးပိုင်းကျေးရွာနှင့် ကျွန်းထိပ်ကုက္ကိုတန်းကျေးရွာများတွင် ယမန်နေ့(၅)နာရီခန့်က မိုးရွာသွန်းပြီး‌ လေပြင်းတိုက်ခတ်မှု‌ကြောင့် နေအိမ်(၄)လုံးပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကလေးမြို့ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲနှင့် ကျီကုန်းကျေးရွာ “ဘဝအလင်းတန်း” စာကြည့်တိုက်ဖွင့်ပွဲ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးတပ်နယ်မှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကလေးခရိုင်၊ ကလေးမြို့၊ အမှတ် (၁၀) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ကျင်းပပြုလုပ်သော ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၆/၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စုရှိ၊ ဆားကျင်းကျေးရွာတွင် ယနေ့နံနက်(၇)နာရီကျော်ခန့်က လေပြင်းတိုက်ခတ်ခြင်းနှင့် ဒီရေမြင့်တက်မှုကြောင့် နေအိမ် (၃)လုံး ရေစီးဖြင့် မျောပါပျက်စီးပြီး နေအိမ်တစ်လုံး တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်းသိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ယနေ့နံနက် (၁၁) နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်များအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း စတင်ကောက်ယူနေမှုအား ယနေ့နံနက်ပိုင်းက သထုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ အမှတ် (၄) လေကြောင်းရန်ကာကွယ်ရေးနှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးကြီးထွန်းလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်း‌အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

တာချီလိတ်မြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးသည့် မွမ်းမံစက်ချုပ်သင်တန်းဖွင့်ပွဲကျင်းပ

အသက်မွေးဝမ်းကျောင်းပညာရပ်များ တတ်မြောက်စေရန်နှင့် ကျေးရွာစီးပွားရေး တိုးတတ်မြင့်မားစေရန် ရည်ရွယ်၍ တာချီလိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မွမ်းမံစက်ချုပ်သင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိတ်ပါကော်ခေတ်မီစံပြကျေးရွာရှိ ပညာရတနာမွန် စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
Subscribe to